ဘုတ်ပြင်း ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ ပုလဲရွှေရည်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ဘုတ်ပြင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်နှင့် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီတို့က တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အ.ထ.က-ဘုတ်ပြင်းကျောင်းအုပ်ကြီးတို့အား စိုက်ပျိုးမည့် ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့သည်။
ယင်းနောက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများကပျဉ်းကတိုးပျိုးပင် (၁၀၀) ပင်၊ မဟော်ဂနီပျိုးပင် (၁၀၀) ပင်၊ မန်ဂျာရှားပျိုးပင် (၁၀၀) ပင်၊ ခရေပျိုးပင် (၅၀) ပင်၊ စိန်ပန်းပျိုးပင် (၅၀) ပင်၊ စုစုပေါင်းပျိုးပင် (၄၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)