ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပလျက်ရှိ

ကော့သောင်း ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍ ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပဆောင်ရွက်လျက်ရှိသည်။

အဆိုပါ  အစိုးရပါဠိပထမပြန်စာမေးပွဲအား  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် နာယကဆရာတော်ကြီးများ၊ အမှုဆောင်နှင့်ကြီးကြပ်ရေး ဆရာတော်ကြီးများ၊ ပုစ္ဆက၊ ဝိသဇ္ဇနဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်ကြီးများ၊ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အခြေပြုမူလတန်းများက ဝိနည်းကျင့်ဝတ်ဘာသာ/ သုကုမာရမဂ္ဂဒီပနီဘာသာ၊ ပထမငယ်တန်းများက ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒပထမလတ်တန်းများက ဒွေမာတိကာဘာသာ/ ဓမ္မပဒ၊ ပထမကြီးတန်းများက ဒွေမာတိကာဘာသာ/ ဓမ္မပဒတို့ကို ဖြေဆိုခဲ့ကြပြီး ယနေ့တွင် ကစ္စည်းသဒ္ဒါဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင်  ကော့သောင်းမြို့နယ် စာသင်တိုက်အသီးသီးမှ  အခြေပြု မူလတန်း (၃၉)ပါး၊ ပထမငယ်တန်း (၂၄)ပါး၊ ပထမလတ်တန်း (၁၉) ပါး၊ ပထမကြီးတန်း (၇)ပါး၊ စာဖြေ သံဃာစုစုပေါင်း (၈၉)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)