တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ်   ဇွန် 7

တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၅)လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သဘာဝတရားကြီးနှင့်လွန်ဆန်၍ ကင်းကွာပြီးနေထိုင် မရသည့်အတွက် သဘာဝတရားကဖြစ်ပေါ် လာသော ဘေးအန္တရာယ်များကို ရင်ဆိုင်ပြီးဖြတ်သန်းရခြင်းဖြစ်ကြောင်း၊  သဘာဝဘေးနှင့်ပတ်သက်၍တိုင်းဒေသကြီးအတွင်း အထူးသဖြင့်မြေပြိုဘေး၊ မီးဘေးအန္တရာယ်၊မုန်တိုင်းဘေး၊ ရေကြီးရေလျှံစသဖြင့်ကြုံတွေ့ခဲ့ရ သည်များရှိကြောင်း၊ မီးဘေးနှင့်ပတ်သက်၍တိုင်းဒေသကြီးတွင် သာဓကများစွာ ရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် တောင်များပေါများပြီး တစ်ချို့နေရာဒေသများတွင်ရွှံမြေများဖြစ်သည့် အတွက် မိုးရွာပါက  မြေများ ပြိုကျလာပြီးအသက်အန္တရာယ်များ ကြုံတွေ့ခဲ့ရသည်များရှိကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍မဖြစ်ခင် ကြိုတင်ကာ ကွယ်ရမည့်နည်းလမ်း များ၊ဖြစ်ပွားနေစဉ် ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပြီးပါကပြန်လည် ထူထောင် ရေးလုပ်ငန်းများအား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများလေလေ ထိခိုက်မှု နည်းပါးမှာဖြစ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ၊ နှိုးဆော်ရေး လုပ်ငန်းများ၊ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ၊ ကြိုတင်ပြင်ဆင်သတိ ပေးချက်များ၊ ကြိုတင်စီမံရမည့်လုပ်ငန်းများသည် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်၍အခြေခံပညာကျောင်းများ၊ ဟိုတယ်များ၊ ပင်လယ်ကမ်းစပ်အနီးများတွင် ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားမှုများရှိကြောင်း၊  သဘာဝဘေးအန္တရာယ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာသည့် အတွက် တားဆီး၍မရနိုင်သောကြောင့်  ကြိုတင်ပြင်ဆင်သတိပေးချက်များ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ ကြိုတင်စီမံရမည့်လုပ်ငန်းများကိုဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ပစ္စည်းကိရိယာများ လိုအပ်လာကြောင်း၊ သဘာဝဘေး အန္တရာယ်သည် ကြုံတွေ့လာနိုင်ပြီး မဖြစ်ပွားမီ အသက်အန္တရာယ်မကျရောက်ခင် လုပ်သင့်လုပ်ထိုက်သည်များ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထား ရှိရန် လိုအပ်ကြောင်း၊ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် စနစ်တကျဖြင့် လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊  သတင်းနှင့်ပြန်ကြားရေး၊  ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအ တည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းပြန်လည် ထူထောင်ရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းရေး စသည့်လုပ်ငန်းကော်မတီများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ကြိုတင်ပြင်ဆင်ရမည့်နည်း လမ်းများ၊ပူးပေါင်း ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မဖြစ်ခင်ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများအား ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)