ဘုတ်ပြင်းမြို့၌ အမက-ရွှေဘုံသာကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်   

ဘုတ်ပြင်း  ဇွန် 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘုံသာရပ်ကွက်ရှိ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အမက-ရွှေဘုံသာကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်က  ကျောင်းအခြေပြု ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မြို့မရဲစခန်းမှူး   ဒုတိယရဲမှူးမြဇော် ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဉ်လဲ့မင်းဝေနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းတို့က ကျောင်းသား‌/ကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးလိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် လမ်းဖြတ်ကူးသွားလာရာတွင်လည်း သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသုံးပြုသူများ လိုက်ရဆောင်ရွက်ရမည့် အကြောင်းအရာများကို အသိပညာပေး အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)