မြိတ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းက ကန်ကြီးရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝရေဆင်း တံတား၌ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။