ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကော့သောင်း ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ)အေးရိပ်ငြိမ် (၁)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦးနှင့်ကော့သောင်းမြို့ အမှတ်(၃၄) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲအဖွဲ့မှ ဒုရဲအုပ်စိုးနိုင်ဝင်းတို့က  မူးယစ်ဆေးဝါးသုံးစွဲခြင်းအကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးရလာဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ၊ ပြုပြင်တားဆီးရမည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးအနွယ်ဝင်များဖြစ်ကြသည့် မူးယစ်ဆေးဝါးပစ္စည်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိလိုသည့်မေးမြန်းမှုများအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)