ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲများဆောင်ရွက်

ကော့သောင်း ဇွန် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ဆယ်မိုင်)ကျောင်း၊ ယမန်နေ့နေ့လယ်ပိုင်းက မူလွန်တာညုံပါဒကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည်တိုးတက်စေရန်နှင့် အသိပညာဗသုတများတိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည်စုံ၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ပညာဖွံ့ဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို‌လေ့လာရန်နှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ပြုစုပျိုးထောင်ကြရန်လိုအပ်ကြောင်း ၊စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သုတ၊ ရသစာပေအမျိုးအစားများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား/သူများက အသိပညာဗဟုသုတရစေသည့် သုတ/ရသစာအုပ်စာ‌စောင်များအား စိတ်ဝင်တစားဖတ်ရှု‌လေ့လာခဲ့ကြပြီး အဆိုပါစာအုပ်များဖြင့် စာဖတ်ဝိုင်းများဆောင်ရွက်၍ ဖတ်ရှုခဲ့ကြသည့်စာအုပ်များမှ ဗဟုသုတရရှိစေသည့် အကြောင်းအရာများအား ပြန်လည်ဆွေးနွေး‌ခဲ့ကြသည်။ ယင်းနောက်ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေးနှင့် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)