ဘုတ်ပြင်းမြို့၌၊ စာပေချစ်မြတ်နိုးသူများအသင်း( Book Club )အဖွဲ့နှင့် စာဖတ်ပရိသတ်တို့ပူးပေါင်း၍  လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ဘုတ်ပြင်း  ဇွန်  ၁၃

 တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်စာဖတ်ပရိသတ်တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသည့် လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေးအသိပညာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ဝင်းမြတ်မိုးသူက လုပ်ငန်းခွင့်ပတ်ဝန်းကျင်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ဖြိုးလဲ့ဝေက အစားအသောက်နှင့်ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာသိကောင်းစရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင်ဒေါ်ခင်သူဇာမြင့်   သက်ကြီးဘိုးဘွားကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ စာအုပ်ပါခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ပရိသတ်များက ဆွေးနွေးသုံးသပ်မှုအပေါ် မိမိတို့၏အတွေး အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။      

မြို့နယ်(ပြန်/ဆက်)