တနင်္သာရီတိုင်းဒေသကြီး

ကရသူရိမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ ကျောင်းသား/ သူများအား Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ်အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀နာရီက ‌ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာ ကူညီပေးနိုင်စေရန်အတွက် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ်(၅/၂၀၂၅)ကို ဇွန် (၁၆) ရက် နံနက်(၉)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ဖွင့်လှစ်သည်။

မြိတ်မြို့ (၂၂)ကြိမ်မြောက် ပရိယတ္တိသာသနပါလ စာမေးပွဲ အောင်လက်မှတ်နှင့် အောင်ဆုချီးမြှင့်ဆက်ကပ်သည့်  ဆုနှင်းသဘင် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၂၂) ကြိမ်မြောက် ပရိယတ္တိသာသနပါလစာမေးပွဲအောင်လက်မှတ်နှင့် အောင်ဆုဆက်ကပ်ချီးမြှင့်သည့်ဆုနှင်းသဘင်ကို ယမန်နေ့ နေ့လယ်ပိုင်းက ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။

ထားဝယ်မြို့တွင် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ) သင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ) သင်တန်း အမှတ်စဉ် (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းကျွေးတရားတော်နာ အလှူမင်္ဂလာနှင့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းမိသားစုများ၏ ဆွမ်ကျွေးတရားတော်နာအလှူမင်္ဂလာကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ ကလွင်ရပ် သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်၌ ကျင်းပသည်။

တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့ မိသားစုဝင် ကျောင်းသူ/သားများအား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် ကျောင်းသူ/သား(၂၈)ဦးတို့အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ချီးမြှင့်ငွေ၊ စာရေးကိရိယာနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တနင်္သာရီမြို့မရဲစခန်း အစည်းအဝေးခန်းမအတွင်း ကျင်းပရာ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မင်းအောင်နှင့် အရာရှိများ/အခြားအဆင့် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ မိသားစုဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုကျောင်းသူ/သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

​​​​​​​မြိတ်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်နိုင်ရေးနှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ရေပြင်အသက်ကယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ဇွန်လ (၁၄) ရက်နေ့ နံနက်ပိုင်းက ကန်ကြီးရပ်ကွက် ကမ်းနားလမ်းရှိ သစ်ယာဝရေဆင်း တံတား၌ မြိတ်ခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်း‌ဆွေးနွေးပွဲနှင့် အသိပညာ‌ပေးနံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းနှင့် အသိပညာ‌ပေး နံရံကပ်စာစောင်ပြသခြင်းများကို ယမန်နေ့နံနက်ပိုင်းက အလက(ခွဲ)အေးရိပ်ငြိမ်(၁) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး