တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့၌ ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ အသေးစားစက်မှု လက်မှု လုပ်ငန်းရှင်များအား ဒီဂျစ်တယ်နည်းပညာနှင့် အွန်လိုင်းအသုံးပြု၍ ဈေးကွက်ဝင်ရောက်ရောင်းချခြင်း ဗဟုသုတရရှိစေရန်အတွက် “ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ကျင်းပသည်။

ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ဝိုင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကျွန်းစုမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ပလောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၈ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

ကျွန်းစုမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအတွက် ကျေးရွာနေပြည်သူလူထုများအား မိတ်ဆက်ရှင်းလင်း၍ ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၇ ရက်က ကမ်းကြီးကျေးရွာအုပ်စု ပြင်ထပ်အော်ကျေးရွာ၌ ဆောင်ရွက်သည်။

စာပေသည် နိုင်ငံနှင့်လူမျိုးအတွက်အသက်ဖြစ် သလို လူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာပေသည်လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည်လူသားများ အတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည် ဖြစ်ကြောင်းပြောကြားသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မူးယစ်အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်း၍ မူးယစ်အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။

တနင်္သာရီမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျွန်းစုမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော၊ သံချဆေးတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးအသိပညာပေးကာ သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က ကျွန်းစုကျောင်း၌ ဆောင်ရွက်သည်။

ပုလောမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးသရုပ်ပြ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့နယ်ခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး