ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်အန္တရာယ်ကို ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်း၊ ကျောင်းသား လူငယ်များသိရှိလိုက်နာ သင့်သည့်အချက်များ အစရှိသည်တို့ကို ဟောပြောသည်။
ဆက်လက်၍ မူးယစ်ဆေးဝါး၊ ကျန်းမာရေးတို့နှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အသိပညာပေး နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)