ပလောက်မြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး

ပလောက်  ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၈ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

ဟောပြောပွဲတွင် မြို့မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စုဇာလီဝင်းက လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram ၊ Viber ၊ YouTube ၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင် လူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျုးလွန်ကြခြင်းကို အသိသတိဖြင့်ဆင်ခြင်ကြပြီး လိမ်လည်လှည့်ဖြားခြင်းမခံရအောင် လန်ချန်း - မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့လာသည့်ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုများကို ပြသသည်။

ဆက်လက်၍ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးဒေါ် နှင်းမြူလွင်က ကျောင်းသား/ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပစာပေများကိုလည်း အားလပ်ချိန်များတွင် အကျိုးရှိစွာ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်းတို့ဖြင့် ပြင်ပဗဟုသုတများရှာဖွေနိုင်ကြောင်း အသိပညာပေးပြောကြားသည်။

ပလောက်(ပြန်/ဆက်)