ကျွန်းစုမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျွန်းစု ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်က အဂတိလိုက်စားမှု၏ အဓိပ္ပာယ်၊ အဂတိလိုက်စားမှု ကြိုတင်တားဆီးကာကွယ်၊ အဂတိလိုက်စားမှု ၄ မျိုး၊ အဂတိလိုက်စားခြင်း၏ ဆိုးကျိုးများကို အသိပညာပေးဆွေးနွေးသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်က အဂတိလိုက်စားမှု ကျူးလွန်ပါက အရေးယူခံရနိုင်သည့် ဥပဒေများနှင့် နည်းဥပဒေများကို အသိပညာပေးပြောကြားခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)