ကျွန်းစုမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်

ကျွန်းစု ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊  ကျွန်းစုမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း အတွက် ကျေးရွာနေပြည်သူလူထုများအား မိတ်ဆက်ရှင်းလင်း၍ ကော်မတီဖွဲ့စည်းခြင်းကို ဩဂုတ် ၂၇ ရက်က ကမ်းကြီးကျေးရွာအုပ်စု ပြင်ထပ်အော်ကျေးရွာ၌ ဆောင်ရွက်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သတိပြု လိုက်နာသင့်သည်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဒေါ်နှင်းသန္တာက VDP စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊  စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကျေးရွာစီမံကိန်းကော်မတီ ဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာပြည်သူများက စီမံကိန်းကော်မတီဝင် ခုနစ်ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာလေးရွာရှိရာ  ပထမအကြိမ်အဖြစ်  ကပကျေးရွာနှင့် ပထော်ကျေးရွာတို့၌ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး ဒုတိယအကြိမ်တွင် ပြင်ထပ်အော်ကျေးရွာနှင့် သဲအော်ကျေးရွာတို့၌ ‌ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

  ထက်မြင့် (ကျွန်းစု)