ထားဝယ် ဩဂုတ် ၂၈
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ အသေးစားစက်မှု လက်မှု လုပ်ငန်းရှင်များအား ဒီဂျစ်တယ်နည်းပညာနှင့် အွန်လိုင်းအသုံးပြု၍ ဈေးကွက်ဝင်ရောက်ရောင်းချခြင်း ဗဟုသုတရရှိစေရန်အတွက် “ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိသော အချိန်အခါတွင် ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအား ထိရောက်စွာဆောင်ရွက်နိုင် ပါကြောင်း၊ နည်းပညာခေတ်ဖြစ်သည်နှင့်အညီ Digital Economy ဖြင့်ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ ဌာနမှဆောင်ရွက်လျက်ရှိသော E-commerence Website နှင့်ချိတ်ဆက်၍ ဈေးကွက်နည်းပညာရှာဖွေဆောင်ရွက်နိုင်ပါကြောင်းနှင့် သင်တန်းတွင် နည်းပညာဗဟုသုတများအား ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင်နည်းပြဒုတိယညွှန်ကြားရေးမှူးဒေါ်မဉ္ဇူဝင်းနှင့် လက်ထောက်အင်ဂျင်နီယာဦးစိုးမိုးဝင်းတို့က ဒီဂျစ်တယ်နည်းပညာဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်စေခြင်းဖြင့် ဈေးကွက်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့တကာဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လာနိုင်စေရေး၊ Digital Literacy and transformation in MSMEs ၊ ဆိုက်ဘာလုံခြုံရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူများ Online စနစ်ဖြင့် ရောင်းချရာတွင်မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ SSID Online Registration Website ဝင်ရောက်နည်း၊ အသုံးပြုနည်းများနှင့် မှတ်ပုံတင်လျှောက်ထားပုံ အဆင့်ဆင့်နှင့် E-mail အကောင့်ဖွင့်နည်းနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းနှင့် တာဝန်ရှိသူများက အွန်လိုင်းအသုံးပြုခြင်းဆိုင်ရာသိမှတ်စရာများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် Cyber လုံခြုံရေးဆိုင်ရာ ဗဟုသုတများကို ခရိုင်အတွင်းရှိအသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ၂၅ ဦးအား သင်ကြားပို့ချပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)