ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ဝိုင်း ဆောင်ရွက်

ကရသူရိ သြဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ကျောင်းသား/ ကျောင်းသူများ ကျောင်းစာများသာမက စာအုပ်/ စာပေမှပေးသော အသိပညာအတတ်ပညာများရရှိရေး၊ စာအုပ်/ စာပေချစ်မြတ်ရေးနှင့် စဥ်ဆက်မပြတ်ထိတွေ့နိုင်ရေး၊ စာပေဝါသနာရှင်များထွန်းကားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ က စာပေဖတ်ရှုရန်နည်းလမ်းကောင်းများ၊ တစ်ဦးချင်းအလိုက် ဖတ်ရှုခြင်းတို့ကိုပြုလုပ်သည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်၍ စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရန် အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)