မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့ဝင် တူညီဝတ်စုံ ပေးအပ်ခြင်းအခမ်းအနားကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ည (၇) နာရီက ကျင်းပသည်။