ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအားဖြင့် နှစ်တို၊ နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့်အသီးအရွက်များကိုလည်း ခူးဆွတ်ရောင်းချလျက်ရှိရာ မျှစ်များလိုက်လံချိုးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိလျက်ရှိသည်။
ပြည်ကြီးမဏ္ဍိုင်ဒေသတွင် မိုးဦးကျ၌ တောတောင်များ၊ တောင်ယာခင်းများနှင့် ဥယျာဉ်ခြံများရှိ ဝါးပင်များမှ မျှစ်များကို လိုက်လံချိုးယူပြီး ချိုးယူရရှိလာသော မျှစ်စိမ်းများကို အလုံးလိုက်ပြုတ်ခြင်း၊ ပါးပါးလှီး၍ပြုတ်ခြင်း၊ အစိမ်းရောင်းခြင်းနှင့် မျှစ်ချဉ်ပြုလုပ်၍ ရောင်းချရာ မျှစ်စိမ်းနှင့် မျှစ်ပြုတ် တစ်ထုတ်လျှင် (၁၀၀၀)ကျပ်၊ မျှစ်စို့အကြီးအသေးပေါ်မူတည်၍(၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိရရှိပြီး မျှစ်ချဉ်(၁၀)ကျပ်သားလျှင်(၁၀၀၀) ကျပ်ရရှိကြောင်း မျှစ်လိုက်လံ ချိုးယူရောင်းချနေသူ တစ်ဦးထံမှသိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)