ဘုတ်ပြင်းမြို့၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် သိုလှောင်ရုံအမိုးလန်ပြိုကျ

ဘုတ်ပြင်း           ဇူလိုင်    ၂၇

တနင်္သာရီတိုင်းဒေသကြီး  ဘုတ်ပြင်းခရိုင်  ဘုတ်ပြင်းမြို့နယ် ဇူလိုင် ၂၇ ရက် နံနက် ၆  နာရီခွဲက ရွှေဘုံသာရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်းရှိ ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ သိုလှောင်ရုံ အလျား ပေ ၉၀၊ အနံ ၃၅ ပေရှိ အဆောက်အဦသည်  မိုးသက်လေပြင်းကျရောက်မှုကြောင့် အမိုးများ၊ ဒိုင်းများ၊ မျှားတံများ၊ သွပ်ပြားများ ပြုတ်ထွက်ခြင်း၊ (၁၇)ပေခန့်ရှိ အုတ်နံရံတစ်ဖက် ပြိုကျပျက်စီးကြောင်းသိရသည်။

အဆိုပါပျက်စီးခဲ့သည့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့်စာအုပ်များ သိုလှောင်ရုံအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ရွှေ့ပြောင်းနိုင်ရေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)