တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆရာ၊ ဆရာမများနှင့် ထူးချွန်ကျောင်းများအား ဂုဏ်ပြုဆု ချီးမြှင့်

တနင်္သာရီ ဇူလိုင် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် အောင်ချက်အလိုက် ထူးချွန်သည့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို အထက-တနင်္သာရီ ပညာရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားတွင် အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မိုးမင်းဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းက ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရေး ကျောင်းသား၊ မိဘ၊ ဆရာ ပူးပေါင်း‌ ဆောင်ရွက်ရေး ပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် အောင်ချက်အလိုက် ထူးချွန်သည့် ကျောင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကိုယ်စား မောင်ဟိန်းထက်ဦးက ကျေးဇူးတင်စကား ပြန်လည်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦးက ဂုဏ်ပြုပွဲဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော အမှတ် ၃ စစ်ဗျူဟာမှူးနှင့်တာဝန်ရှိလူကြီးမင်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများအား  ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သီချင်းများဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြသည်။

မြိုနယ် (ပြန်/ဆက်)