မြို့သစ်မြို့နယ်ရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဈေးကွက်မရောက်မီ ကုန်စည်များ အန္တရာယ်ကင်းစေရေး၊ စားသုံးသူများ ထိခိုက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။