မြို့သစ် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုတီးကုန်းကျေးရွာအုပ်စု၊ ပုတီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် ပလတ်စတစ်၏ဆိုးကျိုးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)