ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းနှင့် စာအုပ်ပြပွဲကျင်းပ

ရေနံချောင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ နံရံကပ်ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်()အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသား၊ ကျောင်းသူလေးများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား၏ အသက်အရွယ်ကန့်သတ်ချက်များ၊ အလုပ်ချိန်သတ်မှတ်ချက်များ၊ အသက်(၁၄)နှစ်မပြည့်သေးသည့် မည်သည့် ကလေးကိုမျှ ဆိုင်တစ်ခုခု၌ဖြစ်စေ၊ အလုပ်ဌာန တစ်ခုခု၌ဖြစ်စေ အလုပ်စေခိုင်ခြင်းမပြုစေရ စသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်