ပခုက္ကူမြို့နယ်၌ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်ကို နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါအသိပညာပေးလုပ်ငန်းကို ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးဦးဆောင်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့်ဝန်ထမ်းများ ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွနေရာများ၌ ရေကြီးရေလျှံမှုများမဖြစ်ပွားခင်ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးရေလျှံမှုဖြစ်ပွားစဉ်နှင့်ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအကြောင်းတို့ကို Hand Speaker များ၊ အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ သိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)