ငဖဲမြို့နယ်၌ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် စားဖိုဆောင်နှင့် အခြားအပင်မျိုးစုံ (၂၈၄၀)ဧက စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှဆည်ရေများနှင့် မြေအောက်ရေတို့ကိုအသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် စားဖိုဆောင်နှင့် အခြားအပင်မျိုးစုံ (၂၈၄၀)ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်းရောင်းချရလျက်ရှိကြောင်း သိရသည်။