နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့နယ်အသင်းမှတ်ပုံတင်ရေးအသင်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က နတ်မောက်မြို့နယ်၌ ပရဟိတလူမှုရေးအသင်းအဖွဲ့(၉)ဖွဲ့ရှိကြောင်း၊ အသင်းအဖွဲ့များမှ နှစ်စဉ်ဒီဇင်ဘာလကုန်တွင် အသင်း၏ လုပ်ဆောင်ချက်၊ ငွေစာရင်းရှင်းတမ်းများတင်ပြကြရန်၊ (၅)နှစ်ဆက်တိုက်မတင်ပြပါက အသင်းအားပယ်ဖျက်မည်ဖြစ်ကြောင်းနှင့်အသင်းအဖွဲ့၏ ဥပဒေဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သိလိုသည်များမေမြန်းပြီးအပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ လှဝင်း