စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

စေတုတ္တရာ ဇန်နဝါရီ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို အမှတ် (၁) ဗန္ဒရရပ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ  ပြည်သူများအား Mobile/Tablet ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းကို သတ်မှတ် Software အသုံးပြုကာ ဆောင်ရွက်ခဲ့ပြီး ကွင်းဆင်းခဲ့ရာ ဇန်နဝါရီ (၁၇)(၁၈) ရက်များထိ အဆောက်အဦ (၇၆) ခု အိမ်ထောင်စု (၆၂) စု၊ ကျား (၈၅) ၊ မ (၁၂၈) စုစုပေါင်း (၂၁၃)ဦး မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ Census Units များတွင် အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်သန်းနှင့် ဝန်ထမ်းများဦးဆောင်၍ ရပ်မိရပ်ဖများ၊ အထောက်အကူပြုအဖွဲ့တို့မှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)