မကွေးတိုင်းဒေသကြီး

ကံမမြို့နယ် အ.ထ.က(အင်းဘဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အင်းဘဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(အင်းဘဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် ယမန်နေ့ နေ့လယ်(၂)နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ(၂၀၂)ဦး တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဈေးရပ်ကွက်တွင် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ဆောင်ရွက်သည်။    

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ရွေရောင်တော်ဘုရားတွင် ကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မကွေးမြို့ သီတာရုံ သီလရှင်ပညာရေးကျောင်း၌ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မကွေးမြို့ သီတာရုံ သီလရှင်ပညာရေးကျောင်း၌ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ်၊ စခန်းမကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက စခန်းမကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းဘူးမြို့နယ် စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်ရေး ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့မွန်းတည့် ၁၂ နာရီက စကုမြို့၌ မြို့ပြသန့်ရှင်းသာယာရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ကျောက်စီရေနုတ်မြောင်း တည်ဆောက်နေမှုလုပ်ငန်းခွင်အား လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မင်းဘူးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဒေသတွင်းလူငယ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းထွန်းလာစေရန် မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များပူးပေါင်းပြီး ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မင်းဘူးလိဂ်အမှတ်ပေးအမျိုးသားဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် (ယမန်နေ့) မွန်းလွဲပိုင်းက မင်းဘူးခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး