မင်းဘူး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ ကြီးမှူးကျင်းပသော ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မင်းပူးဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင်တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိကောင်းစရာများ၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ တရားရုံး၏ အခန်းကဏ္ဍများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေများ သိရှိလိုက်နာဆောင်ရွက်ရေးအကြောင်း စသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသူများ၏ သိရှိလိုသောအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူ အင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)