နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဈေးရပ်ကွက်တွင် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ ဆောင်ရွက်သည်။
ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၆)နှစ် နှင့် အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးဝန်ထမ်း များက စိစစ်၍လူဦးရေစစ်ဆေးခြင်း ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း