မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေနံချောင်းတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ တက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တောင်တွင်းကြီးမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ဇူလိုင် (၆) ရက်နေ့ နေ့လယ် ၂ နာရီက တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက် ငှက်ပစ်တောင် ဘိုးဘွားရိပ်သာ၊ ပရဟိတဆေးခန်း၌ ဆေးကုသခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ငဖဲမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းသုံးထောင်ကျော် ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မြစ်ဖျားကျေးရွာအုပ်စုမှ တောင်သူလယ်သမားများထံ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ယနေ့ထိ ချေးငွေကျပ်သိန်း သုံးထောင်ကျော် ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပန်းတော်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပန်း‌တော်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး