မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံနီများ အရောင်းအဝယ်ဆက်လက်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံနီများ ပြည်တွင်းပြည်ပဝယ်ယူမှု များပြားခြင်းကြောင့် အရောင်းအဝယ် ဆက်လက်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူစာပေဝါသနာရှင်များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်သည်။

နတ်မောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မှ မိုးရာသီတွင် ရပ်ကွက်/ကျေးရွာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကားဂိတ်၊ လူစည်ကားသည့်နေရာနှင့် ဈေးအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ရေနံချောင်းမြို့၌ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင်လ (၅) ရက်နေ့က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုး‌ပွဲ ကျင်းပ

မကွးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။

ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများလှူဒါန်းမှု၊ အောင်လံမြို့နယ်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ဆောင်မည့်အခြေအနေ

သဲဖြူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မြန်မာအမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ကျောင်းသုံးဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းကို ဇူလိုင်လ ၄ ရက်နေ့က ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပရာ

ပွင့်ဖြူမြို့ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့  နံနက်ပိုင်းက ပွင့်ဖြူမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အထူးကုကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား လာရောက်ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် အထူးကုကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်(၂)ရက်နေ့မှ ဇူလိုင်(၄)ရက်နေ့ထိ ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး