ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ (အ.ထ.က) ကျောင်း၌ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။