မင်းဘူးမြို့ အ.မ.ကသီရိမင်္ဂလာကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်၊ သီရိမင်္ဂလာမူလတန်းကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးလှတိုးက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က အခြေခံပညာကျောင်းတွေမှာ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဟောပြောရခြင်းနှင့် ပတ်သက်၍  ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူလေးတွေ သိထားသင့်တဲ့ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၆) ရပ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်နှင့် ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် ကလေးအလုပ်သမားများရဲ့ အသက်အရွယ်၊ (၁၄) နှစ်ပြည့်သူ ကလေးအလုပ်သမားတွေရဲ့ အလုပ်ချိန် ကန့်သတ်ချက်နှင့် အလုပ်ရှင်တွေအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူတွေ၊ ကလေးသူငယ်များအတွက် ပြဌာန်းထားတဲ့ဥပဒေပုဒ်မနှင့် ပြစ်ဒဏ်တွေစတဲ့ ကလေးအလုပ်သမားနဲ့ပတ်သက်သော အကြောင်းအရာများကို အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)