စလင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ရုပ်စုံကျောင်းနှင့် ဝက်သည်းကန်ရှင်ပင်ရွှေမုဌောဘုရား၊ အရှေ့သဲကုန်းဘုန်းတော်ကြီးကျောင်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

စလင်း ဖေဖော်ဝါရီ  ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ရုပ်စုံကျောင်း၊ ဝက်သည်းကန်ဘုရားနှင့် အရှေ့သဲကုန်းဘုန်းတော်ကြီးကျောင်းများအား မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ လမ်းညွှန်မှုနှင့်အတူ မီးဘေးလုံခြုံရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်အသိပညာပေးခြင်းများကို ယနေ့နံနက် (၉)နာရီ၃၀အချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းဗိုလ်ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရှမ်းရွာကုန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ရုပ်စုံကျောင်းနှင့် ပေါင်းပင်ဇင်းရပ်ကွက်ရှိ ဝက်သည်းကန်ရွှေမုဌောဘုရားတန်ဆောင်းများနှင့် ပုထိုးဖြူရပ်ကွက်ရှိ အရှေ့သဲကုန်း ဘုန်းတော်ကြီးကျောင်းများသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဘုရားဂေါပကအဖွဲ့များနှင့်ပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းများအတွင်း သန့်ရှင်းရေးများပြုလုပ်ခြင်း ရေတွင်းရေကန်များသန့်ရှင်းရေးပြုလုပ်ခြင်း ဘုရားစောင်းတန်းများအတွင်း အမှိုက်သရိုက်များလှဲခြင်း လျှပ်စစ်မီးကြိုးများကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်းများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းများ အကြံပြုခြင်းများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး(DCP) မီးသတ်ဆေးဘူး 2Kg ၁ဘူးအား ရုပ်စုံကျောင်းတော်ကြီး မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြား၍ စနစ်တကျအသုံးပြုတတ်စေရန် စစ်ဆေးအသိပါပေး၍ လှူဒါန်းခဲ့သည်။

စလင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု၊ မီးလန့်မှုဖြစ်စဥ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ ၁၆၊ကအရ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် မီးဘေးလုံခြုံရေးကြပ်မတ်စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်ထံမှ သိရှိရသည်။

(မောင်လွင်)စလင်း