နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ပုံပြောပြိုင်ပွဲပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန ( Community Centre ) ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး) က စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စကားပြောနိုင်မှု စွမ်းဆောင်ရည်မြင့်မားစေရန်၊ စိတ်လက်ပျော်ရွင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲကျင်းပရာ မူလတန်းဆင့် ကျောင်းသား/ သူများမှ မိမိတို့ကြိက်နှစ်သက်သည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး) နှင့် တာဝန်ရှိသူတို့က ဆုများ အသီးသီးချီးမြှင့်ပေးသည်။

အဆိုပါ ပုံပြောပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/မများ၊ မူလတန်းဆင့် ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ စုစုပေါင်း (၃၈) ဦးတက်ရောက်ခဲ့သည်။

လှဝင်း