မကွေးတိုင်းဒေသကြီး

မကွေးမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

မကွေးမြို့နယ်အတွင်း တောင်သူများ၏ သီးနှံအလိုက် အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခုနှစ်၊ စိုက်ပျိုးရာသီအတွက် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူးမြို့၌ မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာနိုင်ငံဂီတအစည်းအစည်းအရုံး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန်းသီတာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး LPCRFDP စက်ဖြင့် Plasma Treatment နှုန်းထားအမျိုးမျိုး၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် တောင်သူများ ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဆီထွက်သီးနှံနှမ်းမျိုး ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး၏ Low Pressure Cold Radio Frequency Discharge Plasma (LPCRFDP)စက်ဖြင့် Plasma Treatment နှုန်းထား အမျိုးမျိုး၏ အကျိုးသက် ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန(မျိုးသန့်ခြံ) ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် နွေနှမ်း ဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် နွေနှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)ရှိ အဆိုပါ မျိုးစေ့ထုတ်စိုက်ကွက်၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့တွင် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးစီးဌာနအနေဖြင့် ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း/အထွက်ကောင်းသီးနှံများရရှိရေးအတွက် မေ ၂၈ ရက်နေ့က ပန်းသွင်ကြီးကျေးရွာအုပ်စုတွင် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် နွေနှမ်း အထွက်တိုး စံပြကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေနှမ်းအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၂၈ ရက်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင်၏ နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။

မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကံမမြို့နယ် စစ္စရံကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက စစ္စရံကျေးရွာအုပ်စုမှ တောင်သူ (၁၃၀)ဦးတို့၏ မိုးစပါးစိုက်ဧက (၅၇၉)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၇၃၇)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာတောင်သူ နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်ဒေသကြီး၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေ‌ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ‌ တောင်သူနည်းပညာပေးခြင်းလုပ်ငန်းများကို ယမန်‌နေ့က ဘဲဆိပ်ကျေးရွာအုပ်စု ဘဲဆိပ်‌ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ပခုက္ကူမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်သည့်နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး