တောင်တွင်းကြီးမြို့တွင် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကျင်းပ

တောင်တွင်းကြီး မေ ၃၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးစီးဌာနအနေဖြင့် ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း/အထွက်ကောင်းသီးနှံများရရှိရေးအတွက် မေ ၂၈ ရက်နေ့က ပန်းသွင်ကြီးကျေးရွာအုပ်စုတွင် သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးငွေဆန်းက ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း၊ အထွက်ကောင်းသည့် သီးနှံများရရှိရေးကိုလည်းကောင်း၊ တိုင်းမျိုးစေ့တာဝန်ခံဒေါ်သီတာဝင်းက သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓါတ်မြေဩဇာလျှော့ချသုံးစွဲရန်နည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မျိုးအေးက တောင်သူများပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ပြီး နှမ်း၊ နေကြာ၊ ဝါနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

နောင်နောင် (ဗိဿနိုးမြေ)