မြို့သစ် မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် နွေနှမ်းအထွက်တိုးစံပြကွက် ကွင်းသရုပ်ပြပွဲကို မေ ၂၈ ရက်နေ့ နံနက်ပိုင်းက လဲလူကျေးရွာအုပ်စု၊ လဲလူကျေးရွာရှိ တောင်သူဦးသန်းထွန်းအောင်၏ နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဉာဏ်မြင့်ဦးက တက်ရောက်လာသည့် တောင်သူများအား နွေနှမ်းပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးချိန်မှန်ကန်ခြင်း၊ စိုက်ခင်းအတွင်းစနစ်တကျရေပေးသွင်းခြင်းနှင့် စိုက်နည်းစနစ်မှန်ကန်စွာဆောင်ရွက်ခြင်းများကြောင့် ယခုလိုအောင်မြင်ဖြစ်ထွန်းသည့် နွေနှမ်းပန်းတိုင် အထွက်နှုန်းရရှိခြင်းဖြစ်ကြောင်းရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)