ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး LPCRFDP စက်ဖြင့် Plasma Treatment နှုန်းထားအမျိုးမျိုး၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲ ကျင်းပ

ပွင့်ဖြူ     မေ     ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တွင် တောင်သူများ ၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဆီထွက်သီးနှံနှမ်းမျိုး ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး၏ Low Pressure Cold Radio Frequency Discharge Plasma (LPCRFDP)စက်ဖြင့် Plasma Treatment နှုန်းထား အမျိုးမျိုး၏ အကျိုးသက် ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန(မျိုးသန့်ခြံ) ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်းက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အကြောင်းအရာများကို ရှင်းလင်းပြော ကြားပြီး မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဦးက တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံတာဝန်ခံ) ဦးအောင်ချစ်က မျိုးသန့်ခြံအတွင်း မျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုများနှင့် အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ ၊ မျိုး ၊ ပိုး ) တာဝန်ခံများက မျိုးကောင်းမျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း တိုးတက်မှုအခြေအနေမျာ ၊ သီးနှံပိုးမွှား ရောဂါကင်းရှင်းရေး ဆောင်ရွက်ရန် နည်းလမ်းများ၊ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် ကာကွယ်ထိန်းသိမ်း နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးငွေဆန်းနှင့် ဝန်ထမ်းများက ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ဖြူမြို့မျိုးသန့်ခြံ၌ စိုက်ပျိုးထားရှိသော ဆီထွက်သီး နှံနှမ်းမျိုး ဆင်းရတနာ(၄)နှင့် ဆင်းရတနာ(၁၄) မျိုးကွဲနှစ်မျိုး၏ Low Pressure Cold Radio Frequency Discharge Plasma (LPCRFDP)စက်ဖြင့် Plasma Treatment နှုန်းထား အမျိုးမျိုး၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း စမ်းသပ်ကွက်အား တောင်သူပညာပေး ကွင်းသရုပ်ပြခဲ့ပြီး တောင်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )