မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ အခြေခံပညာကျောင်းသားအားကစား ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသ‌ကြီးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ သည်။ 

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မင်းလှမြို့နယ် အခြေခံပညာမူလတန်းကျောင်း(ကုန်းရွာ)ရှိ (၂)ထပ် RCC ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ဝါစိုက်ခင်းများအားကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးနှင့်ပစ္စည်းဝယ်ယူမှု စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စိုက်ပျိုးစွမ်းအား မြှင့်တင် ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အခြေခံပညာမူလတန်းကျောင်း(ကုန်းရွာ)၏ (၁)ထပ်သွပ်မိုး၊ အုတ်ညှပ်အား ဖျက်သိမ်း ၍ (၂)ထပ် RCC အသစ်ဆောက်လုပ်ခြင်းနှင့် ဝါစိုက်ခင်းများကို စက်တင်ဘာ ၁၉ ရက်နေ့ ညနေက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆင်ပေါင်ဝဲမြို့၊ သာယာမိုးရပ်ကွက်ဓမ္မာရုံအတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကံမမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့ နေ့လယ်(၁)နာရီက အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးမြိုနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၉ မွန်းလွဲပိုင်းက အ.ထ.က.ခွဲ(မြိုမ) ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကျောက်ဖရုံစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကျောက်ဖရုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်၌ ဈေးကောင်းရရှိကြောင်းသိရသည်။

မဲဆန္ဒရှင်များ မဲပေးစက်ဖြင့် လွယ်ကူစွာ မဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဂွေးကုန်းကျေးရွာမှ မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့က ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး