စေတုတ္တရာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စေတုတ္တရာ မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီက ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ ၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ အဆိုပါဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဌာနအလိုက် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါတာဝန်ပေးအပ်ခြင်းအတွက် ၂၀၂၆-၀၂၇ ဘဏ္ဍာနှစ်စီမံကိန်းရည်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ပြည်ထောင်စု/ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည်လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏ စီမံကိန်းရည်မှန်းချက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံ​ကိန်းရေးဆွဲအကာင်ထည်​ဖော်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မည့် ဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းတာဝန်ရှိသူများထံ ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်း တာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မြိုနယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားရာတွင်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စံချိန်စံညွန်းပြည့်မီစွာ အရည်အသွေးကောင်းမွန်စွာဖြင့် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မှုများအား လစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဌာနသို့ တင်ပြကြရန်ပြောကြားခဲ့သည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကိုပ(ပြန်/ဆက်)