မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

မ‌ကွေး မေ ၆

မကွေးတိုင်းဒေသကြီး မကွေးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ‌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ဥပဒေချုပ်ရုံး ပါမောက္ခ ဦးလှအောင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်လှလှဆွေက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့ရီက ကလေးအလုပ်သမားခိုင်းစေချင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များအကြောင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယတိုင်း ဥပဒေအရာရှိ ဦးဆွေလွင်ထွန်းက ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဌာန်းချက်များအား လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မိုးမိုးက ဆိုးဝါးသောပုံစံဖြင့် ခိုင်းစေခြင်း ခံရသောကလေးအလုပ် သမားများအကြောင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဌေးဦးက ကလေးအလုပ်သမားများအကြောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်သူဇာအောင်က ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့် ဥပဒေပြဌာန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်လှလှဆွေက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ် ကော်မတီအဖွဲ့ဝင်များနှင့် မကွေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင် ၃၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)