ဂန့်ဂေါ မေ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီ English Speaking သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် သင်တန်းသား၊ သင်တန်းသူများက English စကားပြောစွမ်းရည်များ ပြသသည်။
ဆက်လက်၍ English Speaking သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး English Speaking ကို သင်ကြားပြသပေးခဲ့သည့် သင်တန်းနည်းပြဆရာ ဦးမင်းမင်းဦးအား ဂုဏ်ပြုလက်ဆောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက ပေးအပ်ချီးမြှင့်သည်။
ထို့နောက် English စကားပြောစွမ်းရည်ပြသခဲ့သည့် သင်တန်းသူ(၂)ဦးအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အထူးဂုဏ်ပြုချီးမြှင့်ငွေ (၂၀,၀၀၀) ကျပ်စီ ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က ကျေးဇူးတင် စကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းသည်။
ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား၊ ကျောင်းသူလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ Grammar သင်တန်း၊ စကားပြောစွမ်းရည်မြင့်မားရေးသင်တန်း၊ စစ်တုရင်သင်တန်း၊ ကဗျာလွတ်အကသင်တန်း၊ ပန်းချီသင်တန်း၊ စစ်တုရင်သင်တန်းနှင့် English Speaking များကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်ဆက်)