မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ် ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်မတည်ရန်ပုံငွေ ၁၁ ကြိမ်မြောက်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ‌ကျောင်းများမှ KG တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။ 

မင်းလှမြို့၌ ကျား/မအခြေပြုအ ကြမ်းဖက်မှုအသိပညာပေးဟော ပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် ကျား/မအခြေပြုအကြမ်းဖက်မှုအ သိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီချိန်က အ.ထ.က မင်းလှ(မြို့ပြင်)၌ ကျင်းပပြုလုပ်သည်။

တောင်တွင်းကြီးမြို့ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် “ကမ္မဋ္ဌာနစရိယ” ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ထူပါရုံမိုးကုတ် ဓမ္မရိပ်သာကျောင်းတိုက်ပဓာန နာယက မိုးကုတ်နယ်လှည့် ဓမ္မကထိက၊ ဘဒ္ဒန္တ သာသနာ၊ သာသန ဓဇ ဓမ္မစရိယ၊ ဝိနာယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ မြန်မာ့ပရဟိတအလင်းရောင်၊ ဗုဒ္ဓသာသနာပြုအသင်းကြီး၏ တရားဟောဂုဏ်ထူးဆောင် မဟာဓမ္မကထိက၊ B.Sc Zoology၊ ၂၀၂၅ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရက ဆပ်ကပ်လှူဒါန်းသည့် ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ဇဗ္ဗူသီရိဓမ္မ ဗိမာန်တော် ရေစက်ချအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

နတ်မောက်မြို့၌ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard စိုက်ထူ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများပိုမိုပါဝင်မဲပေးနိုင်ရေး “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲလှုံ့ဆော်ရေး Billboard ကို ယမန်နေ့ နံနက်ပိုင်းက ရေနံချောင်းမြို့ ဗိုလ်ချုပ်ပန်းခြံရှေ့ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ စိုက်ထူခဲ့ကြောင်း သိရသည်။

မင်းလှမြို့ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇေယျာသီရိဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။

ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား စတုတ္ထအကြိမ်မြောက် အာဟာရကျွေးမွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/ကျောင်းသူများအား စတုတ္ထအကြိမ်မြောက် အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။

ရေနံချောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေး‌နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း (မြို့မ) ၌ ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး