နတ်မောက် မေ ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ကြီးကြပ်၌ နိုင်ငံတော်အစိုးရအဖွဲ့၏ ရက် (၁၀၀) အတွင်း (၂၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဆရာ/မတို့က (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ များတွင်နတ်မောက်မြို့နယ်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းရှိ ကျောင်းသား/သူ (၃၅) ဦးတို့ အားမူးယစ်ကင်းစင်တို့ ပြည်တစ်ခွင်သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြမူးယစ်သား ကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ မူးယစ်ကင်းစင်-တို့ ဝန်းကျင်ပျော်ရွှင်ချမ်းမြ-လုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့ ဗလငါးတန်ခိုင်မြဲဖို့မူးယစ်ဆေးကိုတိုက်ဖျက်စို့ အ ဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်နေကြသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့နယ်ပညာရေးမှူးရုံးမှ ဆုများကို အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း