မကွေးတိုင်းဒေသကြီး

ဆိပ်ဖြူမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်၊ သိုးများ ကူးစက်ရောဂါကာကွယ်ဆေးများ(အခမဲ့)ထိုးနှံပေး

မကွေးတိုင်းဒဒေသကြီး ဆိပ်ဖြူမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် တစ်ပိုင်တစ်နိုင်မွေးမြူထားရှိသည့် ဆိတ်၊ သိုးများ ကူးစက်ရောဂါကာကွယ်ဆေးများ(အခမဲ့) ထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်းသားများအား တွေ့ဆုံအားပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ကြမည့် အခြေခံလေကြောင်း လူငယ်သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၂၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ဆောင်များ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကဒ်များ ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌  နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀)စီမံချက်အတွင်းပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဆောင်ရွက်ရာတွင် လည်းကောင်း၊ ခရီးသွားလာရာတွင်လည်းကောင်း၊ အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက်(၁၀၀)စီမံချက်ဖြင့် ကြာအင်းကျေးရွာရှိ အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍  နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကဒ်များ (One Stop Service) ဖြင့် ထုတ်ပေးသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့နယ်လဝကဦးစီးမှူးရုံး၌ ကျင်းပသည်။

စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းတုန်းမြို့နယ်တွင် သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သီးနှံမျိုးစေ့များပေးအပ်

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၌ စိုက်ပျိုးလျှက်ရှိသော အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေရေး သီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်ကိုက သီးနှံမျိုးစေ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

မင်းဘူးမြို့၌ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ သာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတက္ကသိုလ်တွင် Google Classroom အသုံးပြု သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ယနေ့ခတ်တွင် ဒီဂျစ်တယ်နည်းပညာများတိုးတက်လာမှုနှင့်အတူ သင်ကြားရေးနည်းလမ်းများကိုလည်း ပြောင်းလဲတိုးတက်လာစေရန်ရည်ရွယ်၍ မကွေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား အွန်လိုင်းနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် သင်ကြားမှုအရည်အသွေးပိုမိုမြင့်မားလာစေရန် “Google Classroom” အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း" (Capacity Building Program on Digital Teaching using Google Classroom) ကို မကွေးတက္ကသိုလ် သုတေသနဌာနစင်တာ (URC)ခန်းမ၌ မေ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မကွေးခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများအား တွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၅ ရက်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး