မကွေးတိုင်းဒေသကြီး

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း (Campaign) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများနှင့် ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းအပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ‌ခိုင်အောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ မွန်းလွဲ(၁) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ၎င်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒခံယူပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ ကျက်သရေဆောင်ဘုရားငါးဆူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယနှင့် ဓာတုပူဇနိယပွဲတော်​ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဩဝါဒစရိယ ဆရာတော်များထံမှ ဩဝါဒခံယူပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သာသနာ့ဗိမာန်တော်၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီ ကောလိပ်ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ်ကျောင်းသား/ကျောင်းသူများ၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မကွေးပညာရေးဒီဂရီကောလိပ် ပုံမှန်သင်တန်းများဖွင့်လှစ်ရေးနှင့် ပထမနှစ် ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်နှင့် တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်ကြားရေးဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကံမမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလှုံ့ဆော်မှု ဆောင်ရွက်

ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲနှင့်သာ ဖော်ဆောင်နိုင်မည်ဖြစ်ရာ ပြည်သူတစ်ရပ်လုံးက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ပါဝင် မဲပေးပြီး ဒီမိုကရေစီနိုင်ငံတော်ကို အတူတကွဖော်ဆောင်နိုင်‌ရေး၊‌ ရွေးကောက်ပွဲဆိုင်ရာများကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကံမမြို့၌ လှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်။

ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကောလိပ်ရှိ မဟာသရေစည်သူ ဦးဘခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး