ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ပခုက္ကူ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းပတ်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ကော်မတီဝင်များက ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ရန်ပုံငွေကျပ် (၅၅၀၀၀၀၀)ဖြင့် ပခုက္ကူမြို့၊ အဝေးပြေးကားကြီး ကွင်းပတ်လမ်းမြေနီခင်းခြင်း (၁၀၆၂'x ၁၈'x ၂') လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့်ကိုက်ညီကောင်းမွန်မှုရှိရေး၊ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)