ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများဆောင်ရွက်

တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၇၀ တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖြန်းခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်နံရံကပ်ဘုတ်များစိုက်ထူခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လှည့်လည်အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ကာမိုင်းမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ်(COVID-19) အဆုပ်ရောင်ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ လဝါးပူးပေါင်းစစ်ဆေးရေး လမ်းဆုံဂိတ်၌ ယနေ့နံနက် (၇)နာရီတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

လက်ရှိဖြစ်ပေါ်နေသော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လွိုင်ကော်မြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွိုင်ကော်မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်က အသံချဲ့စက် မော်တော် ယာဉ်များဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာများ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်သည်။

ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်းအဝေး ကျင်းပ

ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်း အဝေးကို ယနေ နံနက် ၁၁ နာရီ အချိန်ကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရွှေဖလားကြက်သွန်နီနှင့် ဆီစားနေကြာ သီးထပ် သီးညှပ် စိုက်ပျိုးမှု တောင်သူပညာပေးကွင်းသရုပ်ပြစိုက်ခင်း စံကွက်ရိတ်သိမ်း

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြေမိရပ်ကွက် ကွင်းအမှတ်(၄၁၈)ရှိ တောင်သူဦးသိန်းထွန်း၏ လယ်မြေ ၀.၆၀ ဧက၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူ ပူးပေါင်း စိုက်ပျိုးထားသော စပါးပြီးလယ်မြေပေါ်တွင် သဘာဝမြေဩဇာအသုံးပြု ရွှေဖလား ကြက်သွန်နီ နှင့် ဆီစားနေကြာ သီးထပ်သီးညှပ် စိုက်ပျိုးမှု တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ခင်း စံပြကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့၌ စော်ဘွားဈေးနေ့အား ပုံမှန် ဈေးရောင်းချခြင်းဖြင့်သာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို  ယမန်နေ့က  ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။

ကျိုင်းတုံမြို့၌ စော်ဘွားဈေးနေ့အား ပုံမှန် ဈေးရောင်းချခြင်းဖြင့်သာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို ယမန်နေ့က ပါလျန် တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။

မိတ္ထီလာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်၂ဝ၈၃၁ ဦး ဆက်လက် ဖြေဆို

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုပွဲကို ယနေ့ နံနက်၉ နာရီ အချိန်က ကျင်းပရာ ကျောင်းသူ/သား စုစုပေါင်း ၂ဝ၈၃၁ ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

မိတ္ထီလာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်၂ဝ၈၃၁ ဦး ဆက်လက် ဖြေဆို

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုပွဲကို ယနေ့ နံနက်၉ နာရီ အချိန်က ကျင်းပရာ ကျောင်းသူ/သား စုစုပေါင်း ၂ဝ၈၃၁ ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ