မိတ္ထီလာခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်၂ဝ၈၃၁ ဦး ဆက်လက် ဖြေဆို

မိတ္ထီလာ မတ် ၁၂

မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင် ၊ ဝမ်းတွင်း ၊ သာစည် မြို့နယ်များ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုပွဲကို ယနေ့ နံနက်၉ နာရီ အချိန်က ကျင်းပရာ ကျောင်းသူ/သား စုစုပေါင်း ၂ဝ၈၃၁ ဦး ဆက်လက်ဖြေဆိုကြောင်း သိရသည်။

အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသည့် ဒုတိယနေ့တွင် မိတ္ထီလာမြို့နယ် ၈၂၁၅ ဦး ၊ မလှိုင်မြို့နယ် ၅၁၉၅ ဦး၊ ဝမ်းတွင်းမြို့နယ် ၄၂၂၈ ဦး၊ သာစည်မြို့နယ် ၃၁၉၃ ဦး ဖြေဆိုခဲ့ပြီး ခရိုင်းအတွင်းရှိ စာစစ်ဌာန ၃၈ ခုတွင် ဖြေဆိုသ စုစုပေါင်း ၂ဝ၈၃၁ ဦး ဖြေဆိုခြင်းဖြစ်သည်။ မိတ္ထီလာခရိုင်အတွင်း စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၂၁၆၈၉ ဦးဖြစ်ပြီး ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုရန် ပျက်ကွက်သူ ၈၄၂ ဦး ဖြစ်ပြီး ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆိုသူ ပျက်ကွက်သူ စုစုပေါင်း ၁၆ ဦး ပျက်ကွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ (ခရိုင်ပြန်/ဆက်)